စိုက်ပျိုးရေးမှာ ဒရုန်းနည်းပညာသုံးဖို့ ပြင်ဆင်နေတဲ့ ဖိလစ်ပိုင်

ဖိလစ်ပိုင်
၉ရက်/မတ်လ/၂၀၁၉

တိုးတက်ပြောင်းလဲလာတဲ့ ဒီနေ့ခေတ်မှာ နိုင်ငံတော်တော်များများဟာ လယ်ယာစိုက်ပျိုးရေး ကဏ္ဍာမှာ နည်းပညာကို တွင်တွင်ကျယ်ကျယ် အသုံးချလာကြပါပြီ။
ဖိလစ်ပိုင်နိုင်ငံမှာ ဒရုန်းတွေသုံးပြီး စိုက်ခင်းတွေကို စောင့်ကြည့်မယ့် စီမံကိန်းကို အကောင်အထည် ဖော်ဖို့ အာဏာပိုင်တွေက သုတေသန လုပ်နေကြပါတယ်။

စိုက်ခင်းထဲမှာ မျိုးစေ့တွေ ကြီးထွားလာတာ ပိုးမွှားတွေ ကျရောက်နေတာ အပြင် သီးနှံတွေရဲ့ ကြီးထွားနှုန်း စတဲ့ အခြေအနေကို အချိန်မရွေး စောင့်ကြည့်ဖို့ အတွက် ဖိလစ်ပိုင်လယ်ယာစိုက်ပျိုးရေးဌာနဟာ ဒရုန်းတွေကို အသုံးပြုဖို့ လေ့လာနေတယ်လို့ ဖိလစ်ပိုင် သတင်းတွေက ဖော်ပြပါတယ်။

အင်ဂျင်တစ်လုံးတပ် ဒရုန်းတစ်ခုဟာ မိနစ်(၆၀)အတွင်း စိုက်ခင်း ဧက (၅၀၀) နီးပါး အထိ ပျံသန်းစောင့်ကြည့်နိုင်ပြီး အင်ဂျင်နှစ်လုံးတပ် ဒရုန်းတစ်ခုဆိုရင် မိနစ် (၉၀)အတွင်း စိုက်ခင်း ဧက (၁၉၀၀) ကျော် ကနေ ဧက (၂၄၀၀ေ)ကျော် အထိ ပျံသန်းနိုင်ပါတယ်။

လက်ရှိမှာ ဖိလစ်ပိုင်ဆန်စပါး သုတေသနအဖွဲ့နဲ့နိုင်ငံတကာ ဆန်စပါးသုတေသနအဖွဲ့ (IRRI) တို့ ပူးပေါင်းပြီး စိုက်ခင်းတွေမှာ ဒရုန်းနည်းပညာသုံးဖို့ လေ့လာမှုတွေ ပြုလုပ်နေကြပါပြီ။

လယ်သမားတွေအနေနဲ့ ဒရုန်းအသုံးပြုမယ်ဆိုရင် မိမိတို့သီးနှံတွေကြီးထွားတဲ့ အခြေအနေကို စောင့်ကြည့်ဖို့နဲ့ စိုက်ခင်းထဲက အလုပ်သမားတွေကို စောင့်ကြည့်ဖို့ ကွင်းဆင်းစရာ မလိုဘဲ ဒရုန်းကနေ တိုက်ရိုက်ကြည့်နိုင်မှာပါ။ ဒ့ါကြောင့် ဒရုန်းနည်းပညာက လယ်သမားတွေအတွက် အချိန်ကုန် ငွေကုန်သက်သာနိုင်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ စိုက်ခင်းတွေထဲမှာ ဒရုန်းပျံသန်းတာနဲ့ ပတ်သတ်ပြီး တိကျတဲ့ မူဝါဒတွေ မရှိသေး ပါဘူး။ ဒါပေမယ့် လက်ရှိ မူဝါဒအရ လေဆိပ်လိုနေရာတွေမှာ လုံခြုံရေးအရ ဒရုန်း ပျံသန်းခွင့် တားမြစ်ထားတာက လွဲလို့ တင်းတင်းကြပ်ကြပ်ပိတ်ပင်ထားတာ မရှိပါဘူး။

Ref : www.opengovasia.com