က​နေဒါ ၊ အ​မေရိကန်နဲ့ ဗြိတိန်က အာဏာသိမ်းစစ်အုပ်စုအ​ပေါ် ထပ်တိုး ဒဏ်ခတ်

က​နေဒါ ၊ အ​မေရိကန်နဲ့ ဗြိတိန်က အာဏာသိမ်းစစ်အုပ်စုအ​ပေါ် ထပ်တိုး ဒဏ်ခတ်

က​နေဒါ ၊ အ​မေရိကန်နဲ့ ဗြိတိန် ပူး​ပေါင်းပြီး မြန်မာစစ်အာဏာသိမ်း​ခေါင်း​ဆောင်​တွေနဲ့ သူတို့နဲ့ ဆက်စပ်တဲ့အဖွဲ့အစည်း​တွေ​ကို အ​ရေးယူဒဏ်ခတ် စာရင်းသွင်းလိုက်ပါတယ်။

နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီ အပါအဝင် အာဏာသိမ်းစစ်အုပ်စုနဲ့ ပတ်သတ်တဲ့ လူပုဂ္ဂိုလ်
၁၆ဦးကို ဒဏ်ခတ်စာရင်းသွင်းပြီး အ​မေရိကန်နိုင်ငံသား​တွေအ​နေနဲ့ သူတို့နဲ့ စီးပွား​ရေးလုပ်ကိုင်ခွင့်​ ပိတ်ပင်လိုက််ပြီလို့ အ​မေရိကန်အစိုးရက ​မေလ ၁၇ရက်​နေ့မှာ ​ပြောပါတယ်။

ဒါ့အပြင် က​နေဒါကလည်း အလားတူ ထုတ်ပြန်​ကြေညာခဲ့ပြီး မြန်မာအစိုးရပိုင် Myanmar Gems Enterprise ​ကျောက်မြတ်ရတနာလုပ်ငန်းကို ဗြိတိန်အစိုးရက ​အ​ရေးယူပိတ်ဆို့​စာရင်းသွင်း​ လိုက်ပါတယ်။

က​နေဒါအ​နေနဲ့ ဒီမိုက​ရေစီတိုက်ပွဲဝင်​​နေတဲ့ မြန်မာပြည်သူ​တွေနဲ့အတူ ရပ်တည်​​​တယ်၊ ​အာဏာသိမ်းစစ်အုပ်စု​အ​ပေါ် ​နောက်ထပ်အ​ရေးယူတာ​တွေလုပ်​ဖို့ တွန့်ဆုတ်မှာ မဟုတ်ဘူးလို့ က​နေဒါ နိုင်ငံခြား​ရေးဝန်ကြီး Marc Garneau က ထုတ်ပြန်ချက်မှာ ​ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ချင်းပြည်နယ် ၊မင်းတပ်မြို့မှာ အကြမ်းဖက်စစ်အုပ်စုက စစ်ဖက်သုံး လက်နက်ကြီး​တွေနဲ့ အရပ်သား​တွေကို တိုက်ခိုက်တာ လူသားဒိုင်းအဖြစ် အသုံးချတာ စတဲ့ ဖြစ်ရပ်​တွေပြီး​နောက် အ​နောက်နိုင်ငံ​တွေက အခုလို ထပ်တိုးဒဏ်ခတ်လိုက်တာ ဖြစ်ပါတယ်။

Ref – aljezeera