ကိုဗစ်ဖြစ်ပြီးပြန်ကောင်းသူတွေ ကာကွယ်ဆေးထပ်ထိုးဖို့ လိုပါသလား

ရေးသားသူ – Aunghein PhoeKhwar

၂၀ ၊ ဇန်နဝါရီလ ၊ ၂၀၂၁ ။

ကိုဗစ်ရောဂါက တခဏတာဖြစ်ပြီး ပြန်ပျောက်သွားတတ်တဲ့ရောဂါပါ၊ သို့သော်လည်း တစ်ရာသီဖြစ်ပြီး နောက်တစ်ရာသီမှာ ထပ်ပြန်ဖြစ်နိုင်ချေတော့ ရှိပါတယ်။ ဒါကြောင့် ပျောက်ကင်းသွားသူများလည်း ကာကွယ်ဆေးကို လိုအပ်ပါတယ်။

ဒါပေမဲ့ ကိုဗစ်ဖြစ်ပြီး ပြန်ကောင်းလာသူတွေမှာ အများအားဖြင့် ကိုယ်ခံအား အန်တီဘော်ဒီ Antibody တွေထွက်လာကြပါတယ်။ ကိုယ်ခံအား Antibody တွေက နောက်တခါ ရောဂါထပ်မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ကိုဗစ်တစ်ရာသီ ဘယ်လောက်ကြာနိုင်မှန်း အတိအကျ မသိရသေးသလို၊ ကိုယ်ခံအား ဘယ်အချိန်အထိ ရှိနေနိုင်လဲဆိုတာကိုလည်း အတိအကျ မသိရသေးပါ။ ခုလောလောဆယ် သုတေသနများအရ ကိုယ်ခံအား Antibody တွေက ကိုယ်ထဲမှာ ၃-၆ လလောက်အထိ အနည်းဆုံးရှိနေပြီး ဒီထက်မက ကြာနိုင်တယ်လို့လဲ တွက်ထားကြပါတယ်။

ဒါကြောင့် ကိုဗစ်ဖြစ်ဖူးတဲ့သူတွေက ရောဂါပျောက်ပြီးတာနဲ့ ချက်ချင်းနောက်တခါ ထပ်မဖြစ်နိုင်လို့ ကာကွယ်ဆေးချက်ချင်းထိုးပေးဖို့တော့ မလိုပါဘူး။ အချို့နိုင်ငံတွေမှာ positive ဖြစ်ပြီး ၃ လ ထပ်စောင့်ပြီးမှသာ ထိုးပေးပါတယ်။ သို့သော်လည်း ကာကွယ်ဆေးကို ဦးစားပေးထိုးပေးရန် လိုအပ်သောအုပ်စု သတ်မှတ်ချက်များမှာ တနိုင်ငံနဲ့ တနိုင်ငံ မတူနိုင်ပါ။

ကာကွယ်ဆေးမှတ်တမ်း (၈)
Credit – MED INFO Myanmar