ကိုဗစ်ကာလမှာ အသက်ရှုကြပ်နေသော ဧရာဝတီတိုင်းမှ ပင်လယ်ကမ်းခြေများ

၂၆၊ မေလ၊ ၂၀၂၀။

ဧရာဝတီတိုင်းဒေသကြီးအစိုးရကတော့ ဒီရက်ပိုင်းအတွင်းမှာ ဟိုတယ်အချို့ကို ပြန်လည်ဖွင့်ခွင့်ပေးလိုက်ပါပြီ။ သင်္ကြန်ကာလမတိုင်ခင်ကတည်းက ရပ်နားလိုက်ရတဲ့ ခရီးသွားလုပ်ငန်းက အခုချိန်မှာ ပုံမှန်ပြန်လည်ပတ်ဖို့ ရုန်းကန်ရဦးမယ့် အနေအထား ရှိနေပါတယ်။

“အစိုးရက ဟိုတယ်တွေ ပြန်ဖွင့်ခွင့်ပေးရင်တောင် ကျွန်တော်တို့တွေ ပြန်ဖွင့်ဖို့ မဖြစ်နိုင်ပါဘူး “လို့ ငွေဆောင်ဟိုတယ်ဇုန်က JL Lodge ဟိုတယ်ပိုင်ရှင် ဦးဝင်းထိန်က ပြောပါတယ် ။ ဧရာဝတီတိုင်းဒေသကြီး တစ်ခုလုံးမှာ ဟိုတယ် နဲ့ တည်းခိုခန်းပေါင်း (၁၁၁ )လုံးကို တိုင်းဒေသကြီးအစိုးရက တရားဝင်ခွင့်ပြုထားပြီး ဟိုတယ် အများစုက ငွေဆောင် နဲ့ ချောင်းသာ ကမ်းခြေတွေမှာ ရှိနေကြတာပါ။

“လုပ်ငန်းရှင်တွေ အချင်းချင်းတော့ ဒီရက်ထဲ စည်းဝေးတိုင်ပင်ကြတာတွေ ရှိပါတယ် ၊ တော်တော်များများကတော့ အခုမိုးတွင်းမှာ ပြန်ဖွင့်မှာတော့ မဟုတ်တော့ဘူး ၊ ပွင့်လင်းရာသီရောက်မှ ပဲဖွင့်ကြမယ်ပေါ့ ၊ ပြန်ဖွင့်မယ်ဆိုတဲ့သူတွေလည်း ရှိပါတယ် ၊ ကျွန်တော့်အမြင်ကတော့ ပြန်ဖွင့်မယ်ဆိုရင်တောင် ဝန်ထမ်းစားရိတ်ပြန်ရဖို့ မလွယ်ဘူး” လို့လည်း ဦးဝင်းထိန်က သုံးသပ်ပါတယ်။

ကမ္ဘာ့ကပ်ရောဂါအဖြစ် COVID-19 ရောဂါကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ကြေညာပြီး သိပ်မကြာခင်မှာဧည့်သည်ဆိုးဟာ မြန်မာပြည်ကို ရောက်လာခဲ့ပါတယ် ။အဲဒီနောက် တစ်နှစ်တာလုံးမှာ ခရီးသွားအများဆုံး ဖြစ်တဲ့ သင်္ကြန်ကာလ အကြို မတ်လ ၂၄ ရက်နေ့ကစပြီး ငွေဆောင် နဲ့ ချောင်းသာအပြင် ရွှေသောင်ယံ နဲ့ ဂေါ်ရန်ဂျီ ကမ်းခြေတွေကိုပါ ပိတ်ဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားခဲ့ပါတယ်။

၂ -လနီးပါးကြာမြင့်လာပြီး ပြည်တွင်းမှာ ရောဂါကူးစက်မှုကိုလည်း အထိုက်အလျှောက် ထိန်းချုပ်နိုင်ပြီလို့ ယူဆရချိန်မှာ တိုင်းအတွင်းက ဟိုတယ်တွေ ၊ တည်းခိုခန်းတွေကို ပြန်ဖွင့်ဖို့ စီစဉ်လာကြတာပါ။

“ခရီးသွားလုပ်ငန်း ထိခိုက်တာမျိုးကိုလည်း ကျွန်တော်တို့က မဖြစ်စေချင်ပါဘူး ၊ ခရီးသွားလုပ်ငန်းကို မှီခိုနေရတဲ့ ဒေသခံတွေရဲ့ စားဝတ်နေမှုကိုလည်း ထိခိုက်တဲ့ အနေအထားတွေ့နေရပါတယ်”လို့ တိုင်းဒေသကြီး စည်ပင်ဝန်ကြီး ဦးကျော်မြင့်က ပြောပါတယ် ။ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ဒီရက်ပိုင်းအတွင်းမှာပဲ ပုသိမ်မြို့ပေါ်က ဟိုတယ်နဲ့ တည်းခိုခန်း ၈ လုံးကို ပြန်လည် ဖွင့်ခွင့်ပေးခဲ့ပါပြီ။COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီရဲ့ လမ်းညွှန်ချက်အရ ပူးပေါင်းစိစစ်ရေးအဖွဲ့ က စိစစ်ပြီး စည်းကမ်းသတ်မှတ်ချက်တွေနဲ့ ညီညွှတ်တဲ့ ဟိုတယ်တွေ တည်းခိုခန်းတွေကို ပြန်ဖွင့်ခွင့်ပေးခဲ့တာလို့ သိရပါတယ်။

ငွေဆောင် ၊ ချောင်းသာ ၊ ရွှေသောင်ယံ၊ဂေါ်ရန်ဂျီ စတဲ့ ကမ်းခြေဒေသတွေမှာ ရှိတဲ့ ဟိုတယ်တွေကိုတော့ ပြန်ဖွင့်ခွင့်ပေးမှာ ဖြစ်ပေမယ့် ကမ်းခြေတွေ ပြန်ဖွင့်ပေးဖို့ကိုတော့ အချိန်ယူရဦးမယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

“ဒီတစ်နှစ်ကတော့ လုံးဝပိတ်ပြီဆိုတဲ့ သဘောရှိတာပေါ့ ၊ ဒီမှာရှိတဲ့ ဟိုတယ်တွေအကုန်လုံးက ပြန်ဖွင့်ဖို့ အဆင်ပြေမှာ မဟုတ်ဘူး ၊ အခုက အနောက်တောင်လေဘက်ကို ပြန်လှည့်လာပြီ ၊ နောက်ရက်ဆို ကျွန်းတွေဘာတွေဘက်ကို သွားဖို့ ခဲယဉ်းလာပြီပေါ့ဗျာ ၊ ငွေဆောင်တို့ ချောင်းသာတို့က လမ်းတွေက ၁၂ ရာသီလမ်းဆိုတော့ အဆင်ပြေနိုင်သေးတယ် ၊ ကျွန်တော်တို့ဒေသက လမ်းပန်းဆက်သွယ်ရေးက မိုးတွင်း အဆင်မပြေဘူးလို့” ဂေါ်ရန်ဂျီကမ်းခြေရဲ့ တည်းခိုခန်း၊ဘန်ဂလို လုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဌ ဦးမြင့်နိုင်က ပြောပါတယ်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက ပင်လယ်ကမ်းခြေ အခြေပြု ခရီးသွားလုပ်ငန်းကို အဓိက အားထားနေရတဲ့ အခြေအနေပါ ။ ဒါပေမယ့် ဒီကာလမှာပဲ ခရိုင်မြို့ကြီးတွေက ပြည်တွင်းခရီးသွားဧည့်သည်တွေအတွက် ဟိုတယ်လုပ်ငန်းတွေကတော့ ပုံမှန်ပြန်လည်ပတ်ဖို့ အားယူနေကြပါပြီ။

“ဟိုတယ်အဝင်မှာ လက်ဆေးဖို့ ဘေဇင်တွေ ၊ ဟန်းဂျယ်တွေ စီစဉ်ထားပေးရတယ် ၊ ချက်အင်ဝင်တာက အစ တစ်ဦးနဲ့ တစ်ဦး ခြောက်ပေအကွာ လူချဲထားရမယ် ၊ ဝန်ထမ်းတွေ လက်အိပ်စွတ်ပြီး ၊ Mask တပ်ပြီး ဝင်ဆောင်မှု ပေးရမယ် ၊ အစားအသောက်တွေဆိုလည်း စားသောက်ခန်းမှာလာစားတာထက် အခန်းတွင်းအထိ ဝန်ဆောင်မှုပေးဖို့ စတဲ့ ညွှန်ကြားချက်တွေ နဲ့ ကိုက်ညီရင် ဟိုတယ်ကို ပြန်ဖွင့်ခွင့်ပေးမယ်လို့ အစိုးရညွှန်ကြားချက် ရထားပါတယ်လို့” ဟင်္သာတမြို့က မိသားစုဟိုတယ်ရဲ့ မန်နေဂျာ ကိုဝင်းနိုင်ဦးက ပြောပါတယ်။

လက်ရှိအခြေအနေက သူတို့လို ပြည်တွင်းခရီးသွားတွေကို အားထားရတဲ့ ဟိုတယ်တွေအတွက် ထိခိုက်မှု သိပ်မရှိနိုင်ပေမယ့် ၊ ပြည်ပ နိုင်ငံခြားခရီးသွားတွေကို အဓိက အားထားနေရတဲ့ ဟိုတယ်တွေအတွက် ထိခိုက်မှု ရှိနိုင်တယ်လို့လည်း ကိုဝင်းနိုင်ဦးက သုံးသပ်ပါတယ်။

တိုင်းဒေသကြီးအစိုးရအနေနဲ့ ကပ်ရောဂါကာလမှာ ဟိုတယ်တွေအပြင် တန်ခိုးကြီးဘုရားတွေ ဖြစ်တဲ့ ၊ ပုသိမ်ရွှေမုဌော ၊ မော်တင်စွန်း ၊ ဇလွန်ပြည်တော်ပြန် ၊ အကောက်တောင် စတဲ့ ဘုရားတွေကိုပါ ပိတ်ခဲ့တာပါ ။ ဒီရက်ပိုင်းအတွင်းမှာတော့ ဘုရားတွေကို ပြန်လည်ဖွင့်လှစ်ပေးဖို့ ပြင်ဆင်နေပြီလို့လဲ စည်ပင်ဝန်ကြီးက ပြောပါတယ်။
“တန်ခိုးကြီးဘုရားတွေ ပြန်ဖွင့်ဖို့ကတော့ ဇွန်လဆန်းထဲမှာ ဖြစ်ဖို့ များပါတယ် ၊ ဒါပေမယ့် အရင်လို ပုံစံမျိုးမဟုတ်တော့ပဲ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အချက်အလက်တွေ ပြည့်စုံမှ ဖွင့်ခွင့်ပေးမှာပါ “လို့ ဝန်ကြီးက ဆိုပါတယ်။

ဘုရားဖူး ပရိတ်သတ်အများအပြားလာလေ့ရှိတဲ့ ပုသိမ်မြို့က ရွှေမုဌောစေတီရဲ့ ဂေါပကအဖွဲ့ကတော့ ဘုရားကိုပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်နေကြပါပြီ။ မဖွင့်မှီကာလ နဲ့ ဖွင့်ပြီးကာလတွေမှာ ပိုင်းခြားလုပ်ဆောင်ရမှာတွေကို ပြင်ဆင်ထားတယ်လို့ ဘဏ္ဍာတော်ထိမ်းဂေါပကအဖွဲ့ဝင် ဦးဇော်တင့်က ပြောပါတယ်

“မဖွင့်ခင်မှာ ရင်ပြင်ကို ရေနဲ့အရင်သန့်စင်မယ် ၊ ပိုးသတ်ဆေးဖြန်းမယ် ၊ ဇောင်းတန်းလေးဘက် နိဗ္ဗာန်ကုန်ဆိုင်တွေပါ ပိုးသတ်ဆေးဖြန်းသွားမယ်
ပြန်ဖွင့်ပြီဆိုရင်လည်း ဘုရားပေါ်ကို တန်းစီစနစ်နဲ့ ဝင်ရမယ် ၊ Mask တပ်မှ ဝင်ခွင့်ပြုမယ် ၊ လက်ဆေးရမယ် ၊ အပူချိန်အတိုင်းခံရမယ် ၊ အမည် နေရပ်လိပ်စာ ၊ ဖုန်းနံပါတ် စတဲ့ အချက်အလက်တွေကို ဖြည့်ရမယ် ။အရုဏ်ခံတန်ဆောင်းတွေမှာ ကာလာတိပ်တွေနဲ့ ခြောက်ပေခြားပြီး လေးထောင့်ကွက်တွေ လုပ်ပေးထားမယ်လို့” ပြောပါတယ်။

ဧရာဝတီတိုင်းအတွင်းက ပုသိမ်မြို့အပါအဝင် ခရိုင်မြို့ကြီးတော်တော်များများမှာတော့ လမ်းပေါ်မှာ လူတွေ အရင်အတိုင်းသွားလာနေကြပါပြီ ။ ဒါပေမယ့် အပြင်ထွက်လို့ Mask မတပ်ရင် အရေးယူတာ ၊ ငါးဦးထက်ပိုပြီး လူမစုဖို့ ၊ ည ၁၂ နာရီကျော်ရင် အပြင်မထွက်ဖို့ စတဲ့ ကန့်သတ်ချက်တွေကတော့ ရှိနေစဲပါ။

ဒီရက်ပိုင်းအတွင်းမှာပဲ ဧရာဝတီတိုင်းပြင်ပက ကားလိုင်းတွေ ပြန်လည်ပြေးဆွဲနိုင်ဖို့ကိုလည်း ညှိနှိုင်းနေကြပြီလို့ သိရပါတယ် ။ ကားလိုင်းတွေ ပြန်ဖွင့်ခွင့်ရရင် ဧရာဝတီတိုင်းဆီ ဧည်သည်တွေ အရင်လိုမှ ပြန်လာပါဦးမလား။

ခရီးသွားလုပ်ငန်းတွေ ပြန်လည် လည်ပတ်ဖို့အတွက်တော့ စိန်ခေါ်မှုတွေ ရှိနေစဲပါ။

“ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့မှာ တော်တော် အခက်အခဲဖြစ်တယ်လို့” JL lodge ဟိုတယ်ပိုင်ရှင် ဦးဝင်းထိန်က Delta News Agency ကို ရယ်ရင်းပြောပါတယ် ။ “ဝန်ထမ်းတွေကိုလည်း လက်လွှတ်ရမှာ စိုးတဲ့အတွက် ဘယ်သူ့ကိုမှ မထုတ်ဘူး ၊ လစာ ၅၀ ရာနှုန်းပေးထားတယ် ၊ ဘဏ်ချေးငွေတွေကလည်းယူထားတာရှိတယ်၊
အစိုးရက ချေးငွေပေးမယ်ဆိုပြီး သတင်းစာမှာပါလာလို့လည်း ချေးငွေတော့ လျှောက်ထားပါတယ် ။အခုထိတော့ အကြောင်းမပြန်သေးဘူး ၊ လာမယ့် ပွင့်လင်းရာသီမှာ ဟိုတယ်တွေအတွက် လျှပ်စစ်မီးရမယ်ဆိုရင်တော့ ဆီဖိုးသက်သာသွားရင် ဧည့်သည်တွေကို ဝန်ဆောင်မှုကို ပိုကောင်းအောင်ပေးလို့ရတယ် လို့” ဦးဝင်းထိန်က ပြောပါတယ်။

(Zawgyi)

ကိုဗစ္ကာလမွာ အသက္ရႈၾကပ္ေနေသာ ဧရာဝတီတိုင္းမွ ပင္လယ္ကမ္းေျခမ်ား

၂၆၊ ေမလ၊ ၂၀၂၀။

ဧရာဝတီတိုင္းေဒသႀကီးအစိုးရကေတာ့ ဒီရက္ပိုင္းအတြင္းမွာ ဟိုတယ္အခ်ိဳ႕ကို ျပန္လည္ဖြင့္ခြင့္ေပးလိုက္ပါၿပီ။ သၾကၤန္ကာလမတိုင္ခင္ကတည္းက ရပ္နားလိုက္ရတဲ့ ခရီးသြားလုပ္ငန္းက အခုခ်ိန္မွာ ပုံမွန္ျပန္လည္ပတ္ဖို႔ ႐ုန္းကန္ရဦးမယ့္ အေနအထား ရွိေနပါတယ္။

“အစိုးရက ဟိုတယ္ေတြ ျပန္ဖြင့္ခြင့္ေပးရင္ေတာင္ ကြၽန္ေတာ္တို႔ေတြ ျပန္ဖြင့္ဖို႔ မျဖစ္ႏိုင္ပါဘူး “လို႔ ေငြေဆာင္ဟိုတယ္ဇုန္က JL Lodge ဟိုတယ္ပိုင္ရွင္ ဦးဝင္းထိန္က ေျပာပါတယ္ ။ ဧရာဝတီတိုင္းေဒသႀကီး တစ္ခုလုံးမွာ ဟိုတယ္ နဲ႔ တည္းခိုခန္းေပါင္း (၁၁၁ )လုံးကို တိုင္းေဒသႀကီးအစိုးရက တရားဝင္ခြင့္ျပဳထားၿပီး ဟိုတယ္ အမ်ားစုက ေငြေဆာင္ နဲ႔ ေခ်ာင္းသာ ကမ္းေျခေတြမွာ ရွိေနၾကတာပါ။

“လုပ္ငန္းရွင္ေတြ အခ်င္းခ်င္းေတာ့ ဒီရက္ထဲ စည္းေဝးတိုင္ပင္ၾကတာေတြ ရွိပါတယ္ ၊ ေတာ္ေတာ္မ်ားမ်ားကေတာ့ အခုမိုးတြင္းမွာ ျပန္ဖြင့္မွာေတာ့ မဟုတ္ေတာ့ဘူး ၊ ပြင့္လင္းရာသီေရာက္မွ ပဲဖြင့္ၾကမယ္ေပါ့ ၊ ျပန္ဖြင့္မယ္ဆိုတဲ့သူေတြလည္း ရွိပါတယ္ ၊ ကြၽန္ေတာ့္အျမင္ကေတာ့ ျပန္ဖြင့္မယ္ဆိုရင္ေတာင္ ဝန္ထမ္းစားရိတ္ျပန္ရဖို႔ မလြယ္ဘူး” လို႔လည္း ဦးဝင္းထိန္က သုံးသပ္ပါတယ္။

ကမာၻ႔ကပ္ေရာဂါအျဖစ္ COVID-19 ေရာဂါကို ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO)က ေၾကညာၿပီး သိပ္မၾကာခင္မွာဧည့္သည္ဆိုးဟာ ျမန္မာျပည္ကို ေရာက္လာခဲ့ပါတယ္ ။အဲဒီေနာက္ တစ္ႏွစ္တာလုံးမွာ ခရီးသြားအမ်ားဆုံး ျဖစ္တဲ့ သၾကၤန္ကာလ အႀကိဳ မတ္လ ၂၄ ရက္ေန႔ကစၿပီး ေငြေဆာင္ နဲ႔ ေခ်ာင္းသာအျပင္ ေ႐ႊေသာင္ယံ နဲ႔ ေဂၚရန္ဂ်ီ ကမ္းေျခေတြကိုပါ ပိတ္ဖို႔ တိုင္းေဒသႀကီးအစိုးရအဖြဲ႕က ၫႊန္ၾကားခဲ့ပါတယ္။

၂ -လနီးပါးၾကာျမင့္လာၿပီး ျပည္တြင္းမွာ ေရာဂါကူးစက္မႈကိုလည္း အထိုက္အေလွ်ာက္ ထိန္းခ်ဳပ္ႏိုင္ၿပီလို႔ ယူဆရခ်ိန္မွာ တိုင္းအတြင္းက ဟိုတယ္ေတြ ၊ တည္းခိုခန္းေတြကို ျပန္ဖြင့္ဖို႔ စီစဥ္လာၾကတာပါ။

“ခရီးသြားလုပ္ငန္း ထိခိုက္တာမ်ိဳးကိုလည္း ကြၽန္ေတာ္တို႔က မျဖစ္ေစခ်င္ပါဘူး ၊ ခရီးသြားလုပ္ငန္းကို မွီခိုေနရတဲ့ ေဒသခံေတြရဲ႕ စားဝတ္ေနမႈကိုလည္း ထိခိုက္တဲ့ အေနအထားေတြ႕ေနရပါတယ္”လို႔ တိုင္းေဒသႀကီး စည္ပင္ဝန္ႀကီး ဦးေက်ာ္ျမင့္က ေျပာပါတယ္ ။ တိုင္းေဒသႀကီး အစိုးရအဖြဲ႕အေနနဲ႔ ဒီရက္ပိုင္းအတြင္းမွာပဲ ပုသိမ္ၿမိဳ႕ေပၚက ဟိုတယ္နဲ႔ တည္းခိုခန္း ၈ လုံးကို ျပန္လည္ ဖြင့္ခြင့္ေပးခဲ့ပါၿပီ။COVID-19 ကာကြယ္ထိန္းခ်ဳပ္ကုသေရး ဗဟိုေကာ္မတီရဲ႕ လမ္းၫႊန္ခ်က္အရ ပူးေပါင္းစိစစ္ေရးအဖြဲ႕ က စိစစ္ၿပီး စည္းကမ္းသတ္မွတ္ခ်က္ေတြနဲ႔ ညီၫႊတ္တဲ့ ဟိုတယ္ေတြ တည္းခိုခန္းေတြကို ျပန္ဖြင့္ခြင့္ေပးခဲ့တာလို႔ သိရပါတယ္။

ေငြေဆာင္ ၊ ေခ်ာင္းသာ ၊ ေ႐ႊေသာင္ယံ၊ေဂၚရန္ဂ်ီ စတဲ့ ကမ္းေျခေဒသေတြမွာ ရွိတဲ့ ဟိုတယ္ေတြကိုေတာ့ ျပန္ဖြင့္ခြင့္ေပးမွာ ျဖစ္ေပမယ့္ ကမ္းေျခေတြ ျပန္ဖြင့္ေပးဖို႔ကိုေတာ့ အခ်ိန္ယူရဦးမယ္လို႔လည္း ဝန္ႀကီးက ေျပာပါတယ္။

“ဒီတစ္ႏွစ္ကေတာ့ လုံးဝပိတ္ၿပီဆိုတဲ့ သေဘာရွိတာေပါ့ ၊ ဒီမွာရွိတဲ့ ဟိုတယ္ေတြအကုန္လုံးက ျပန္ဖြင့္ဖို႔ အဆင္ေျပမွာ မဟုတ္ဘူး ၊ အခုက အေနာက္ေတာင္ေလဘက္ကို ျပန္လွည့္လာၿပီ ၊ ေနာက္ရက္ဆို ကြၽန္းေတြဘာေတြဘက္ကို သြားဖို႔ ခဲယဥ္းလာၿပီေပါ့ဗ်ာ ၊ ေငြေဆာင္တို႔ ေခ်ာင္းသာတို႔က လမ္းေတြက ၁၂ ရာသီလမ္းဆိုေတာ့ အဆင္ေျပႏိုင္ေသးတယ္ ၊ ကြၽန္ေတာ္တို႔ေဒသက လမ္းပန္းဆက္သြယ္ေရးက မိုးတြင္း အဆင္မေျပဘူးလို႔” ေဂၚရန္ဂ်ီကမ္းေျခရဲ႕ တည္းခိုခန္း၊ဘန္ဂလို လုပ္ငန္းရွင္မ်ားအသင္းရဲ႕ ဥကၠဌ ဦးျမင့္ႏိုင္က ေျပာပါတယ္။

ဧရာဝတီျမစ္ဝကြၽန္းေပၚေဒသက ပင္လယ္ကမ္းေျခ အေျချပဳ ခရီးသြားလုပ္ငန္းကို အဓိက အားထားေနရတဲ့ အေျခအေနပါ ။ ဒါေပမယ့္ ဒီကာလမွာပဲ ခ႐ိုင္ၿမိဳ႕ႀကီးေတြက ျပည္တြင္းခရီးသြားဧည့္သည္ေတြအတြက္ ဟိုတယ္လုပ္ငန္းေတြကေတာ့ ပုံမွန္ျပန္လည္ပတ္ဖို႔ အားယူေနၾကပါၿပီ။

“ဟိုတယ္အဝင္မွာ လက္ေဆးဖို႔ ေဘဇင္ေတြ ၊ ဟန္းဂ်ယ္ေတြ စီစဥ္ထားေပးရတယ္ ၊ ခ်က္အင္ဝင္တာက အစ တစ္ဦးနဲ႔ တစ္ဦး ေျခာက္ေပအကြာ လူခ်ဲထားရမယ္ ၊ ဝန္ထမ္းေတြ လက္အိပ္စြတ္ၿပီး ၊ Mask တပ္ၿပီး ဝင္ေဆာင္မႈ ေပးရမယ္ ၊ အစားအေသာက္ေတြဆိုလည္း စားေသာက္ခန္းမွာလာစားတာထက္ အခန္းတြင္းအထိ ဝန္ေဆာင္မႈေပးဖို႔ စတဲ့ ၫႊန္ၾကားခ်က္ေတြ နဲ႔ ကိုက္ညီရင္ ဟိုတယ္ကို ျပန္ဖြင့္ခြင့္ေပးမယ္လို႔ အစိုးရၫႊန္ၾကားခ်က္ ရထားပါတယ္လို႔” ဟသၤာတၿမိဳ႕က မိသားစုဟိုတယ္ရဲ႕ မန္ေနဂ်ာ ကိုဝင္းႏိုင္ဦးက ေျပာပါတယ္။

လက္ရွိအေျခအေနက သူတို႔လို ျပည္တြင္းခရီးသြားေတြကို အားထားရတဲ့ ဟိုတယ္ေတြအတြက္ ထိခိုက္မႈ သိပ္မရွိႏိုင္ေပမယ့္ ၊ ျပည္ပ ႏိုင္ငံျခားခရီးသြားေတြကို အဓိက အားထားေနရတဲ့ ဟိုတယ္ေတြအတြက္ ထိခိုက္မႈ ရွိႏိုင္တယ္လို႔လည္း ကိုဝင္းႏိုင္ဦးက သုံးသပ္ပါတယ္။

တိုင္းေဒသႀကီးအစိုးရအေနနဲ႔ ကပ္ေရာဂါကာလမွာ ဟိုတယ္ေတြအျပင္ တန္ခိုးႀကီးဘုရားေတြ ျဖစ္တဲ့ ၊ ပုသိမ္ေ႐ႊမုေဌာ ၊ ေမာ္တင္စြန္း ၊ ဇလြန္ျပည္ေတာ္ျပန္ ၊ အေကာက္ေတာင္ စတဲ့ ဘုရားေတြကိုပါ ပိတ္ခဲ့တာပါ ။ ဒီရက္ပိုင္းအတြင္းမွာေတာ့ ဘုရားေတြကို ျပန္လည္ဖြင့္လွစ္ေပးဖို႔ ျပင္ဆင္ေနၿပီလို႔လဲ စည္ပင္ဝန္ႀကီးက ေျပာပါတယ္။
“တန္ခိုးႀကီးဘုရားေတြ ျပန္ဖြင့္ဖို႔ကေတာ့ ဇြန္လဆန္းထဲမွာ ျဖစ္ဖို႔ မ်ားပါတယ္ ၊ ဒါေပမယ့္ အရင္လို ပုံစံမ်ိဳးမဟုတ္ေတာ့ပဲ က်န္းမာေရးနဲ႔ ကိုက္ညီတဲ့ အခ်က္အလက္ေတြ ျပည့္စုံမွ ဖြင့္ခြင့္ေပးမွာပါ “လို႔ ဝန္ႀကီးက ဆိုပါတယ္။

ဘုရားဖူး ပရိတ္သတ္အမ်ားအျပားလာေလ့ရွိတဲ့ ပုသိမ္ၿမိဳ႕က ေ႐ႊမုေဌာေစတီရဲ႕ ေဂါပကအဖြဲ႕ကေတာ့ ဘုရားကိုျပန္လည္ဖြင့္လွစ္ဖို႔ စီစဥ္ေနၾကပါၿပီ။ မဖြင့္မွီကာလ နဲ႔ ဖြင့္ၿပီးကာလေတြမွာ ပိုင္းျခားလုပ္ေဆာင္ရမွာေတြကို ျပင္ဆင္ထားတယ္လို႔ ဘ႑ာေတာ္ထိမ္းေဂါပကအဖြဲ႕ဝင္ ဦးေဇာ္တင့္က ေျပာပါတယ္

“မဖြင့္ခင္မွာ ရင္ျပင္ကို ေရနဲ႔အရင္သန္႔စင္မယ္ ၊ ပိုးသတ္ေဆးျဖန္းမယ္ ၊ ေဇာင္းတန္းေလးဘက္ နိဗၺာန္ကုန္ဆိုင္ေတြပါ ပိုးသတ္ေဆးျဖန္းသြားမယ္
ျပန္ဖြင့္ၿပီဆိုရင္လည္း ဘုရားေပၚကို တန္းစီစနစ္နဲ႔ ဝင္ရမယ္ ၊ Mask တပ္မွ ဝင္ခြင့္ျပဳမယ္ ၊ လက္ေဆးရမယ္ ၊ အပူခ်ိန္အတိုင္းခံရမယ္ ၊ အမည္ ေနရပ္လိပ္စာ ၊ ဖုန္းနံပါတ္ စတဲ့ အခ်က္အလက္ေတြကို ျဖည့္ရမယ္ ။အ႐ုဏ္ခံတန္ေဆာင္းေတြမွာ ကာလာတိပ္ေတြနဲ႔ ေျခာက္ေပျခားၿပီး ေလးေထာင့္ကြက္ေတြ လုပ္ေပးထားမယ္လို႔” ေျပာပါတယ္။

ဧရာဝတီတိုင္းအတြင္းက ပုသိမ္ၿမိဳ႕အပါအဝင္ ခ႐ိုင္ၿမိဳ႕ႀကီးေတာ္ေတာ္မ်ားမ်ားမွာေတာ့ လမ္းေပၚမွာ လူေတြ အရင္အတိုင္းသြားလာေနၾကပါၿပီ ။ ဒါေပမယ့္ အျပင္ထြက္လို႔ Mask မတပ္ရင္ အေရးယူတာ ၊ ငါးဦးထက္ပိုၿပီး လူမစုဖို႔ ၊ ည ၁၂ နာရီေက်ာ္ရင္ အျပင္မထြက္ဖို႔ စတဲ့ ကန္႔သတ္ခ်က္ေတြကေတာ့ ရွိေနစဲပါ။

ဒီရက္ပိုင္းအတြင္းမွာပဲ ဧရာဝတီတိုင္းျပင္ပက ကားလိုင္းေတြ ျပန္လည္ေျပးဆြဲႏိုင္ဖို႔ကိုလည္း ညႇိႏႈိင္းေနၾကၿပီလို႔ သိရပါတယ္ ။ ကားလိုင္းေတြ ျပန္ဖြင့္ခြင့္ရရင္ ဧရာဝတီတိုင္းဆီ ဧည္သည္ေတြ အရင္လိုမွ ျပန္လာပါဦးမလား။

ခရီးသြားလုပ္ငန္းေတြ ျပန္လည္ လည္ပတ္ဖို႔အတြက္ေတာ့ စိန္ေခၚမႈေတြ ရွိေနစဲပါ။

“ပြင့္ပြင့္လင္းလင္းေျပာရရင္ ကြၽန္ေတာ္တို႔မွာ ေတာ္ေတာ္ အခက္အခဲျဖစ္တယ္လို႔” JL lodge ဟိုတယ္ပိုင္ရွင္ ဦးဝင္းထိန္က Delta News Agency ကို ရယ္ရင္းေျပာပါတယ္ ။ “ဝန္ထမ္းေတြကိုလည္း လက္လႊတ္ရမွာ စိုးတဲ့အတြက္ ဘယ္သူ႔ကိုမွ မထုတ္ဘူး ၊ လစာ ၅၀ ရာႏႈန္းေပးထားတယ္ ၊ ဘဏ္ေခ်းေငြေတြကလည္းယူထားတာရွိတယ္၊
အစိုးရက ေခ်းေငြေပးမယ္ဆိုၿပီး သတင္းစာမွာပါလာလို႔လည္း ေခ်းေငြေတာ့ ေလွ်ာက္ထားပါတယ္ ။အခုထိေတာ့ အေၾကာင္းမျပန္ေသးဘူး ၊ လာမယ့္ ပြင့္လင္းရာသီမွာ ဟိုတယ္ေတြအတြက္ လွ်ပ္စစ္မီးရမယ္ဆိုရင္ေတာ့ ဆီဖိုးသက္သာသြားရင္ ဧည့္သည္ေတြကို ဝန္ေဆာင္မႈကို ပိုေကာင္းေအာင္ေပးလို႔ရတယ္ လို႔” ဦးဝင္းထိန္က ေျပာပါတယ္။

Photo Credit- Facebook

Topic – #ဧရာဝတီတိုင်း#ခရီးသွားလုပ်ငန်း#ကိုဗစ်