အမျိုးသမီးအကြမ်းဖက်ခံရမှုတွေ ဘယ်လိုတားဆီးမလဲ

၁၀ ၊ဒီဇင်ဘာ ၊၂၀၁၈ ။

ဆင်းရဲမွဲတေမှုကြောင့် အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုနှုန်းကပိုမိုများပြားလာပြီး ဒါတွေကို လျှော့နည်းသွားဖို့ လစ်လှူရှု့မထားပဲ အားလုံးပါဝင်ဖေါ်ထုတ်ဖို့လိုတယ်လို့ ဧရာဝတီတိုင်း ဒီချုပ်ပါတီသတင်းပြန်ကြားရေးအဖွဲ့ဝင် မဇာဏီမြင့်မောင်က ပြောပါတယ် ။ မနေ့က မနက်ပိုင်းက ပုသိမ်မြို့ မင်းကြီးလမ်းက ဂရုဏာခန်းမမှာ အမျိုးသမီးတွေ ၊မသန်စွမ်းတွေ ၊ လိင်ခံစားမှုကွဲပြားသူတွေအကြမ်းဖက်မှုနှင့်ခွဲခြားဆက်ဆံမှု လျှော့နည်းစေရန် ရည်ရွယ်ပြီးလုပ်တဲ့ ဆွေးနွေးပွဲ အပြီးမှာ သတင်းမီဒီယာတွေကို အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ် ။