ပုသိမ်ဆေးရုံကသူနာပြုနှစ်ဦးနဲ့ သစ်ထုတ်လုပ်ရေးအကြီတန်းစာရေးတို့မှာကိုဗစ်ရောဂါတွေ့

၉၊ ဇန်နဝါရီ၊ ၂၀၂၁။

ပုသိမ်မြို့မှာဒီနေ့(၃)ဦးမှာကိုဗစ်ရောဂါတွေ့ခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေသိရပါတယ်။

ပုသိမ်ဆေးရုံဝန်းက သူနာပြုယာယီဆောင်မှာနေထိုင်ကြတဲ့ ခွဲခန်း(၁)မှာတာ၀န်ကျတဲ့အသက်(၃၄)နှစ်အရွယ်အထက်တန်းသူနာပြုဆရာမနဲ့ မျက်စိဆောင်မှာတာဝန်ကျတဲ့ အသက်(၂၄)နှစ်အရွယ်သူနာပြုဆရာမတိုနှစ်ဦးမှာ ရောဂါတွေ့ခဲ့ပါတယ်။

သူနာပြုယာယီဆောင်မှာ ပိုးတွေ့လူနာ(၅)ဦးထိရှိလာတာကြောင့် ဒီနေ့ဒုတိယအကြိမ်စစ်ဆေးရာ သူနာပြုဆရာမ(၂)ဦးမှာ ရောဂါတွေ့ခဲ့တာဖြစ်ပါတယ်။

ပုသိမ်မြတ်တိုသစ်ထုတ်လုပ်ရေးမှာနေထိုင်တဲ့ အသက်(၄၆)နှစ်အရွယ်အမျိုးသမီးဟာ ဖျားပြီးအနံပျောက်နေတာကြောင့် အထက(၅)မှာစစ်ဆေးရာကရောဂါတွေ့ခဲ့ပါတယ်။ သူဟာသစ်ထုတ်လုပ်ရေးမှာ လက်နှိပ်စက်အကြီး တန်းစာရေးအဖြစ်တာ၀န်ထမ်းဆောင်သူလို့ သိရပါတယ်။

လက်ရှိပုသိမ်မြို့မှာ ဆေးရုံတက်ရောက်ခဲ့တဲ့ကိုဗစ်အတည်ပြုလူနာ(၇၉၇)ဦးရှိနေပြီဖြစ်ပါတယ်။ လူနာတွေထဲကမှ (၆၉၅)ဦးဟာ ရောဂါပျောက်ကင်းသွားလို့ဆေးရုံကဆင်းသွားပြီလို့သိရပါတယ်။

DeltaNews Agency

Read Previous

ဆိုင်ကယ်အတွင်းမှ ငွေကျပ်သိန်း (၂၀) ခိုးယူသူကို (၂၄)နာရီအတွင်း ဖမ်းမိ

Read Next

ဟင်္သာတမှာကိုဗစ်လူနာ ၃၃ဦးတိုး